“ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမည်ဆိုတဲ့သတင်းများ မှန်ကန်မှုမရှိ”
19 Oct
လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များမှာ ပျံ့နှံ့နေတဲ့ ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူ အမျိုးအစားသစ် ထုတ်ဝေမည်ဆိုတဲ့ သတင်းများမှာ မမှန်ကန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၁၈ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ လတ်တလော လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များမှာ ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူ အမျိုးအစားသစ်များ ထုတ်ဝေမည်ဆိုတဲ့ သတင်းများ၊ ငွေကြေးသစ်များ ထုတ်ဝေမည်ဆိုတဲ့ မမှန်မကန်သတင်းများ ပျံ့နှံ့လျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူသစ်များ ထုတ်ဝေ မည့်အစီအစဉ် မရှိကြောင်းနှင့် ငွေစက္ကူအသစ်များ ထုတ်ဝေခြင်းဆိုင်ရာသတင်းများကို တရားဝင်ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ လူမှုကွန်ရက်ပေါ်ရှိ မမှန်မကန်သတင်းများကို ယုံကြည်ခြင်း၊ ထပ်ဆင့်မျှဝေခြင်းမပြုကြရန်နှင့် ဗဟိုဘဏ်၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ အတည်ပြု ဖတ်ရှုကြရန် အသိပေးထားပါတယ်။ (NVS 008)