“သီလရှင်ဆရာလေးများ ရထားလက်မှတ်ဝယ်ယူရာမှာ မှတ်ပုံတင်နံပါတ်ရှေ့၌ သုည(၀)ထည့်သွင်းရန် အသိပေး”

19 Oct

သီလရှင်ဆရာလေးများအနေနဲ့ ORTP စနစ်မှတစ်ဆင့် ရထားလက်မှတ်ဝယ်ယူရာမှာ သီလရှင်မှတ်ပုံတင် နံပါတ်ဖြည့်သွင်းမှုမှန်ကန်စေရန် မှတ်ပုံတင်နံပါတ်၏ ရှေ့ဆုံးမှာ သုည(၀)တစ်လုံး မဖြစ်မနေ ထည့်သွင်းပေးရမှာ ဖြစ်ကြောင်း ORTP က အသိပေးထားပါတယ်။ ORTP စနစ်၏ သတ်မှတ်ချက်အရ သီလရှင်ဆရာလေးများ၏ သာသနာဝင်စိစစ်ရေးကတ်ပြားအမှတ်ကို ဖြည့်သွင်းရာမှာ မူရင်းမှတ်ပုံတင်နံပါတ်၏ရှေ့တွင် သုည(၀)တစ်လုံး ထပ်မံထည့်သွင်းပေးရမည်ဖြစ်ပါတယ်။ ဥပမာအားဖြင့် မူရင်းမှတ်ပုံတင်နံပါတ်မှာ “၁၂၃၄၅” ဖြစ်ပါက ORTP စနစ်အတွင်း “၀၁၂၃၄၅” (012345) ဟု ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ရထားလက်မှတ်ဝယ်ယူရာမှာ အချက်အလက်ဖြည့်သွင်းမှု မှန်ကန်စေရန်နှင့် ခရီးစဉ်ဝယ်ယူရာ၌ အခက်အခဲများမဖြစ်ပေါ်စေရန် သီလရှင်ဆရာလေးများအနေနဲ့ အဆိုပါ အချက်ကို ကြိုတင်သတိပြုလိုက်နာပေးကြရန် ORTP က အသိပေးထားပါတယ်။ (NVS 008)

19 Oct

ADVERTISE HERE .