“မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် ဆင်ပေါင်ဝဲဈေးကြီးမှာ လက်တွေ့မီးငြှိမ်းသတ်လေ့ကျင့်”
19 Oct
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့ရှိ စည်ပင်သာယာဈေးကြီးမှာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် လက်တွေ့မီးငြှိမ်းသတ်ပညာပေးခြင်းကို အောက်တိုဘာလ ၁၇ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကနေ သိရပါတယ်။ သရုပ်ပြမှုမှာ မီးငြှိမ်းသတ်ယာဉ်အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို လေ့ကျင့်ပြသခဲ့တဲ့အပြင် မီးသတ်ဆေး ဘူးနှင့် ရေစိုအဝတ်တို့ကို အသုံးပြုကာ မီးစတင်လောင်ကျွမ်းချိန်မှာ အလျင်အမြန်ငြှိမ်းသတ်နိုင်မည့် နည်းလမ်းများကို လက်တွေ့သရုပ်ပြပညာပေးခဲ့ကြပါတယ်။ ယင်းအစီအစဉ်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ ပါဝင်ခဲ့ပါတယ်။ အဆိုပါအစီအစဉ်မှာ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင် ရာဌာနများ ပူးပေါင်း၍ ဈေးတာဝန်ရှိသူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများ မီးဘေးအန္တရာယ်ကြုံတွေ့ရပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် လက်တွေ့သရုပ်ပြခဲ့ကြောင်းသိရပါတယ်။ (NVS 008)