“ဟော်မုရေလက်ကြားပြန်ဖွင့်ရေး အီရန်၏အဆိုပြုချက် အသက်ဝင်နေဆဲဖြစ်”
19 Oct
အီရန်နိုင်ငံက ဟော်မုရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးရန် အမေရိကန်နိုင်ငံထံ ပေးပို့ထား သည့်အဆိုပြုချက်မှာ အသက်ဝင်နေဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရက်ချီက အောက်တိုဘာလ ၁၈ ရက် တွင်ပြောသည်။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ၏အစည်းအဝေးတက်နေစဉ် အီရန်မီဒီယာများနှင့်တွေ့ဆုံရာတွင် ၎င်းက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ အီရန် သည် အပစ်အခတ်ရပ်စဲရေး ယာယီသဘောတူညီချက် ပျက်ပြားမှုအပြီး စက်တင်ဘာလလယ်တွင် အဆိုပြုချက်ကို အမေရိကန်ထံ ပေးပို့ထားခြင်းဖြစ်သည်။ အမေရိကန်ဘက်က ထိုအဆိုပြုချက်အပေါ် တုံ့ပြန်ချက်ပေးပို့ထားသော်လည်း ရေလက်ကြားပြန်ဖွင့်ရေး အတွက် သတ်မှတ်ထားသည့် အချက်ခုနစ်ချက်လုံးကို ဖြေရှင်းပေးခြင်းမရှိသေးသဖြင့် ဆွေးနွေးမှုများ ရပ်တန့်နေ ကြောင်း အီရန်ဘက်က ဆိုသည်။ အီရန်၏တောင်းဆိုချက်များတွင် ၎င်း၏ဆိပ်ကမ်းများအပေါ် အမေရိကန်၏ ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရေး၊ ရေနံတင်ပို့မှုအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးနှင့် ဒေသတွင်း စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေးတို့ ပါဝင်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။