“အာဆင်နယ်အသင်းက အသင်းအတွင်း အလုပ်အကိုင်များလျှော့ချ”

18 Oct

အာဆင်နယ်အသင်းက အသင်းရဲ့ အလုပ်အကိုင်နေရာ ၆၀ ကို လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းများအရ သိရပါတယ်။ အာဆင်နယ်အသင်း အမှုဆောင်ချုပ်ဖြစ်သူ ရစ်ချတ်ဂါလစ်ခ် က အဆိုပါအစီအစဉ်ကို ယခုအပတ်တွင် ဝန်ထမ်းများကို အသိပေးခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းတွင် အမြဲတမ်းဝန်ထမ်း ၈၇၁ ဦးရှိပြီး ယခုလျှော့ချမည့် အရေအတွက်မှာ ခုနစ်ရာခိုင်နှုန်းခန့် ရှိခဲ့ပါတယ်။ သို့သော် အမျိုးသား၊ အမျိုးသမီးအသင်းများနှင့် သက်ဆိုင်သည့် နည်းပြများ၊ ဝန်ထမ်းများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ၂၀၂၄-၂၅ ရာသီ ဘဏ္ဍာနှစ်အတွက် ပေါင် ၆၉၁ သန်းအထိ စံချိန်တင်ဝင်ငွေ ရရှိခဲ့သော်လည်း ပေါင် ၁ ဒသမ ၄ သန်း အရှုံးပြခဲ့ပါတယ်။ အသင်း လည်ပတ်မှုကုန်ကျစရိတ်မှာ ပေါင် ၂၀၀ ဒသမ ၈ သန်းရှိခဲ့ပြီး ယင်းမတိုင်မီနှစ်က ပေါင် ၁၄၇ ဒသမ ၉ သန်းထက် များစွာမြင့်တက်ခဲ့တာဖြစ်ပါတယ်။(NVS 008)

18 Oct

ADVERTISE HERE .