“ရီးရဲလ်မက်ဒရစ်အသင်းက ဘယ်လင်ဂမ် နှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိ”
18 Oct
ရီးရီးရဲလ်မက်ဒရစ်အသင်းက အသင်းရဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ် နှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘယ်လင်ဂမ် နှင့် ရီးယဲလ်အသင်းက ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆို သွားမှာဖြစ်ပါတယ်။ ဘယ်လင်ဂမ် ဟာ ၂၀၂၃ ခုနှစ်က ဒေါ့မွန်အသင်းမှ ရီးရီးရဲလ်အသင်းသို့ ၂၀၂၈-၂၉ ရာသီကုန်အထိ သက်တမ်းရှိတဲ့ စာချုပ်ဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ယခုအခါ မူလစာချုပ်ကို နှစ်နှစ်သက်တမ်းတိုးပြီး စာချုပ်သစ် ချုပ်ဆိုရန် သဘောတူခဲ့ခြင်းဖြစ်ပါတယ်။ စာချုပ်သစ်အရ ဘယ်လင်ဂမ် အနေနဲ့ လစာငွေအပါအဝင် အခြားခံစားခွင့်များ တိုးမြင့်ရရှိမည်ဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့သည်။ ပြီးခဲ့တဲ့ရာသီကုန်ကတည်းက စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးခဲ့ကြပြီး ကြီးမားတဲ့ အခက်အခဲမရှိဘဲ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)
18 Oct