“ဗင်နီစီယပ်စ် ရဲ့ လေးပွဲပယ်ပြစ်ဒဏ်ကို အမြင့်ဆုံးတရားရုံးအထိ အယူခံဝင်မည့် ရီးရဲလ်အသင်း”
18 Oct
ရီးရဲလ်မက်ဒရစ်အသင်းက တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ရဲ့ လေးပွဲပယ်ပြစ်ဒဏ်ကို စပိန်နိုင်ငံရှိ အားကစားဆိုင်ရာ အမြင့်ဆုံးတရားရုံးအထိ အယူခံဝင်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ ရီးရဲလ်က စပိန်ဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီသို့ တင်သွားခဲ့သော်လည်း ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။ ဗင်နီစီယပ်စ် က ဗီလာရီးရဲလ်အသင်းနှင့်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားရဲ့ ဆံပင်ကိုဆွဲခဲ့လို့ အနီကတ် ပြသခြင်း ခံခဲ့ရပါတယ်။ စည်းမျဉ်းအရ ဆံပင်ဆွဲမှုအတွက် နှစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံရမှာဖြစ်သော်လည်း အနီကတ်ပြခံရအပြီး ကွင်းလယ်ဒိုင်လူကြီးအပေါ် ဆက်ဆံသည့်အပြုအမူကြောင့် ထပ်မံ၍ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရပါတယ်။ ယခုပြစ်ဒဏ်အရ ဗင်နီစီယပ်စ် အနေနဲ့ အောက်တိုဘာလ ၂၅ ရက်တွင် ဘာစီလိုနာနှင့်ကစားမည့် El Clasico ပွဲ အပါအဝင် ဆီဗီလာ၊ ရေဆင်းနှင့် ဗလင်စီယာအသင်းတို့နဲ့ ပွဲစဉ်များကိုပါ လွဲချော်မှာဖြစ်ပါတယ်။(NVS 008)