“လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှာ နောက်ခံလူ ၂ ဦးခေါ်ယူဖွယ်ရှိတဲ့ မန်ယူအသင်း”

18 Oct

မန်ယူအသင်းက လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလအတွင်းမှာ နောက်ခံလူ ၂ ဦး ခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ မန်ယူနှင့် အနာဂတ်မရေမရာဖြစ်နေတဲ့ လော်တာရိုမာတီနက်ဇ်၊ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမည့် မက်ဂွိုင်းရား နှင့် လုခ်ရှော တို့နေရာအတွက် အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလမှာ နယူးကာဆယ်ဘယ်နောက်ခံလူ လူးဝစ်ဟောလ် ကို ကြိုးပမ်းခဲ့သော်လည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းက အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်နှင့် ဘုန်းမောက်ဘယ်နောက်ခံလူ ထရူဖတ်တို့ ကို ပစ်မှတ်ထားနေပြီး ၎င်းကစားသမား ၂ ဦးအတွက် ပေါင်သန်း ၁၀၀ ဝန်းကျင် အသုံးပြုဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)

18 Oct

ADVERTISE HERE .