“မာတီနက်ဇ် ရဲ့ ပြောဆိုမှုက အသင်းအပေါ် ထိခိုက်မှုမရှိနိုင်ကြောင်း ပြောခဲ့တဲ့ နည်းပြ ကာရစ်”
18 Oct
အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အသင်းတာဝန်ရှိသူများကို နောက်ခံလူ မာတီနက်ဇ် ရဲ့ ဝေဖန်ပြောကြားမှုနဲ့ပတ်သက်လို့ အသင်းအပေါ် မည်သည့်ထိခိုက်မှုမှ ရှိနိုင်မှာမဟုတ်ကြောင်း မန်ယူနည်းပြ မိုက်ကယ်ကာရစ် က ပြောကြားခဲ့ပါတယ်။ မန်ယူကစားသမားဟောင်းဖြစ်သူ ရွန်းနီ က မာတီနက်ဇ် ရဲ့ပြောကြားမှုကို အပြင်းအထန်ဝေဖန်ခဲ့ပြီး ၎င်းဖြစ်ရပ်က အသင်းစည်းလုံးညီညွတ်မှုကို အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ နည်းပြ ကာရစ် က ကစားသမားဟောင်းတွေအပြင် လူအများရဲ့ပြောကြားမှုက သူတို့ရဲ့ထင်မြင်ချက်ဖြစ်ပြီး အသင်းမှာ နေ့စဉ်ပါဝင်လှုပ်ရှားနေသူတွေ မဟုတ်တဲ့အတွက် အသင်းအကြောင်းကို အတိအကျမသိနိုင်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။ လက်ရှိမှာ မန်ယူအသင်းတွင်း စိတ်ဓာတ်ပိုင်းက အကောင်းဆုံးအခြေအနေမှာရှိနေပြီး ခံစားချက်ပြင်းထန် နေတဲ့အချိန်မှာ ဘယ်သူမဆို မပြောသင့်တဲ့စကားမျိုး ပြောတတ်ကြပါတယ်လို့ နည်းပြ ကာရစ် က ပြောခဲ့ပါတယ်။(NVS 008)