“တနင်္သာရီတိုင်းဒေသကြီးတွင် ဆန်နှင့်ဆီဖူလုံမှုရှိအောင်ဆောင်ရွက်ရန် ပြောကြား”
18 Oct
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆန်နှင့်ဆီဖူလုံမှုရှိအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် အောက်တိုဘာလ ၁၇ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနဲ့ တွေ့ဆုံစဉ် ဒုတိယသမ္မတ ဦးညိုစော က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ ဒုတိယသမ္မတက စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် အားပေးဆောင်ရွက်ရန်၊ နိုင်ငံတကာဈေးကွက်ရှိတဲ့ ကော်ဖီနှင့် ကိုကိုး တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊ ဆန်နှင့်ဆီဖူလုံမှုရှိအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်၊ ဒေသနှင့် ကိုက်ညီတဲ့ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး အားပေးဆောင်ရွက်နှင့် လောင်းလုံးသဘာဝဘေး ပြန်လည် ထူထောင်ရေးကိစ္စရပ်များကို လိုအပ်ချက်များ ဖြည့်ဆည်းပေး ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သက်ရောက်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အလိုက် အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အသေးစိတ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)