“အာဆီယံတောင်ပိုင်းဒေသကို အဆိပ်သင့်မီးခိုးမြူအတွက် အမြင့်ဆုံးအဆင့်သတိပေးချက်ထုတ်ပြန်”

18 Oct

အင်ဒိုနီးရှားနိုင်ငံ၌ တောမီးနှင့် သစ်ဆွေးမြေမီးလောင်မှုများ ဆက်လက်ဖြစ်ပွားသောကြောင့် အရှေ့တောင် အာရှဒေသရှိ နိုင်ငံအချို့သို့ အဆိပ်သင့်မီးခိုးမြူများ ပျံ့နှံ့လာရာ မိုးလေဝသစောင့်ကြည့်ရေးဌာနက အာဆီယံ တောင်ပိုင်းဒေသကို မီးခိုးမြူအတွက် အမြင့်ဆုံးအဆင့်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားသည့် နေရာများ ဆက်တိုက်များပြားနေခြင်း၊ ထူထပ်သောမီးခိုးမြူများ နှစ်ရက်နှင့် အထက်ဖုံးလွှမ်းနေခြင်း၊ ခြောက်သွေ့သောရာသီဥတု ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် လေတိုက်မှုကြောင့် မီးခိုးမြူများ အိမ်နီးချင်းနိုင်ငံများသို့ ရွေ့လျားလာနိုင်ခြင်းတို့ကို အခြေခံ၍ ယင်းအဆင့်ကို သတ်မှတ်ခြင်းဖြစ်သည်။ ယခုဖြစ်ပွားနေသော မီးခိုးမြူပြဿနာသည် ဒေသတွင်း နေ့စဉ်လူမှုဘဝကိုပါ ထိခိုက်စေခဲ့သည်။ အင်ဒိုနီးရှား၊ အရှေ့တီမောနှင့် မလေးရှားနိုင်ငံရှိ နေရာအချို့တွင် မီးခိုးမြူများကြောင့် ကျောင်းများကိုပိတ်ထားရပြီး အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများလည်း မြင့်တက်လာသည်။ အရှေ့တောင်အာရှ၌ မီးခိုးမြူပြဿနာသည် တစ်နိုင်ငံတည်း၏ နယ်နိမိတ်အတွင်းသာ ကန့်သတ်မနေဘဲ အိမ်နီးချင်းနိုင်ငံများ၏ လေထုအရည်အသွေး၊ ပြည်သူ့ကျန်းမာရေးနှင့် နေ့စဉ်လူမှုဘဝတို့ကိုပါ ထိခိုက်စေနိုင်သည့် ဒေသတွင်းပြဿနာတစ်ရပ်ဖြစ်ကြောင်း သိရသည်။

18 Oct

ADVERTISE HERE .