“ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို အမေရိကန်သမ္မတ ယာယီဖြေလျှော့ထား”

18 Oct

ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် အဓိကအရေးယူပိတ်ဆို့မှုများနှင့် အခွန်စည်းကြပ်မှုများကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ယာယီဖြေလျှော့ပေးထားကြောင်း အောက်တိုဘာလ ၁၆ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ပြီးခဲ့သည့်လအတွင်း လက်မှတ်ရေးထိုးခဲ့သော ဥပဒေတစ်ရပ်အရ အာဏာမသက်ဝင်မီ ရက်အနည်းငယ် အလိုတွင် ထိုအရေးယူပိတ်ဆို့မှုများကို သမ္မတ ဒေါ်နယ်ထရမ့် က ဖြေလျှော့ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများအရ ရုရှားနိုင်ငံ အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် အခွန်စည်းကြပ်မှု များကို ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် ၏ အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် အထူးအမိန့်ဒီကရီ၌ ဖော်ပြထားသည်။ သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးထားသည့် ထိုဥပဒေအရ ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး ရက် ၃၀ အတွင်း အမေရိကန်နိုင်ငံသို့ တင်ပို့နေသည့် ရုရှားရေနံနှင့်ဓာတ်ငွေ့များကို ၁၀၀ ရာခိုင်နှုန်းထိ အခွန်စည်းကြပ်မည်ဖြစ်သည်။ သို့ရာတွင် သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် အထူးအမိန့်ဒီကရီအရ ရုရှားနိုင်ငံအပေါ်ချမှတ်မည့် အရေးယူပိတ်ဆို့မှု စည်းမျဉ်းများကို ဖြေလျှော့ပေးထားကြောင်း သိရသည်။

18 Oct

ADVERTISE HERE .