“ဗီယင်နာအိုးပင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အယ်ကာရက်ဇ်”

17 Oct

ပြိုင်ပွဲကျင်းပရေးရဲ့ အလိုအလျောက်ပြိုင်ပွဲဝင်ခွင့် ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီးနောက် စပိန်တင်းနစ်သမား ကားလို့စ်အယ်ကာရက်ဇ် က ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗီယင်နာအိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် အယ်ကာရက်ဇ် ဟာ အခုရာသီမှာ လက်ကောက်ဝတ်ဒဏ်ရာကြောင့် ဝင်ဘယ်ဒန်နဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲကြီး ၂ ခုကို လွဲချော်ခဲ့သလို လက်စွမ်းပိုင်းကလည်း အတက်အကျရှိခဲ့ပါတယ်။ သို့သော် လက်ရှိ ရာသီအစပိုင်းမှာ ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ဒိုဟာနဲ့ တိုကျို အိုးပင်းပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပြီး အခုရာသီအတွက် စုစုပေါင်းဆုဖလား ၃ ခုအထိ ရယူထားနိုင်ခဲ့ပါတယ်။ လာမယ့် အောက်တိုဘာလ ၂၆ ရက်ကနေ နိုဝင်ဘာလ ၁ ရက်အထိ ဗီယင်နာမြို့မှာကျင်းပမယ့် ရုံတွင်း တင်းနစ်ပြိုင်ပွဲကို ကမ္ဘာ့အဆင့်(၁) ဆင်နာ ကလွဲလို့ ကျန်တဲ့ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားတွေ လာရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ၎င်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၂) ဗီရက်ဗ်၊ ရုရှားနိုင်ငံသား မက်ဗီဒက်ဗ်၊ အီတလီနိုင်ငံသား ကိုဘိုလီ နဲ့ ဩစတြေးလျနိုင်ငံသား ဒီမီနော် တို့ စာရင်းပေးထားကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ အယ်ကာရက်ဇ် က လက်ရှိကမ္ဘာ့အဆင့်(၃)နေရာမှာ ရပ်တည်နေပြီး အခုရာသီမှာ ၃၃ ပွဲနိုင် ၅ ပွဲရှုံး မှတ်တမ်းကို ရရှိထားပါတယ်။(NVS 008)

17 Oct

ADVERTISE HERE .