“ဥရောပအဆင့်ပြိုင်ပွဲ၌ အေစီမီလန်အသင်းတွင် အသက်အငယ်ဆုံးဟက်ထရစ်သွင်းဂိုးရှင်အဖြစ် ဆစ်စီ ရပ်တည်”

17 Oct

အေစီမီလန်အသင်း လူငယ်တိုက်စစ်ကစားသမား ဆစ်စီ ဟာ ဥရောပအဆင့်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် အောက်တိုဘာလ ၁၅ ရက်က အေစီမီလန်အသင်းနှင့် ဆဲလ်ဘတ်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းဂိုး သွင်းယူပြီးနောက် အေစီမီလန်အသင်းတွင် ဥရောပအဆင့်ပြိုင်ပွဲ၌ အသက်အငယ်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်အဖြစ် ရပ်တည်ခဲ့ကြောင်း The Athletic သတင်း ဝက်ဘ်ဆိုက်က ဖော်ပြ ခဲ့ပါတယ်။ အေစီမီလန်အသင်းက ဆဲလ်ဘတ်အသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆစ်စီ က ပွဲချိန် ၁၅ မိနစ်၊ ၃၃ မိနစ်နဲ့ ၄၉ မိနစ်တို့မှာ အသင်းအတွက် ဟက်ထရစ်သွင်းဂိုး သွင်းယူခဲ့ပြီးနောက် မှတ်တမ်းကောင်းတစ်ရပ် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆစ်စီသည် အေစီမီလန်အသင်းနဲ့ ဆဲလ်ဘတ်အသင်းတို့ပွဲစဉ်၌ ပါဝင်ကစားခဲ့သည့်အချိန်မှာ ၎င်း၏အသက်က ၁၉ နှစ် ၃၅၈ ရက် သာရှိသေးလို့ အေစီမီလန်အသင်းတွင် ဥရောပအဆင့်ပြိုင်ပွဲ၌ အသက်အငယ်ဆုံး ဟက်ထရစ် သွင်းဂိုးရှင်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)

17 Oct

ADVERTISE HERE .