“ပေါင်ခြံဒဏ်ရာကြောင့် တစ်လဝန်းကျင် အနားယူရဖွယ်ရှိတဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်”
17 Oct
အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် ဟာ ပေါင်ခြံဒဏ်ရာကြောင့် တစ်လဝန်းကျင် အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ လော်တာရိုမာတီနက်ဇ် အနေနဲ့ ကလပ်ဘရုဂျက်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၎င်းဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းက လော်တာရိုမာတီနက်ဇ် ရဲ့ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး အတည်ပြုခဲ့သော်လည်း အနားယူရမည့် အချိန်ကာလကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ မီဒီယာများက အနည်းဆုံး တစ်လဝန်းကျင် အနားယူရဖွယ်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် လော်တာရိုမာတီနက်ဇ် အနေနဲ့ မီလန်ဒါဘီအပါအဝင် နိုဝင်ဘာမှာကစားမည့် နိုင်ငံတကာပွဲစဉ် များကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။(NVS 008)
17 Oct