“ချဲယ်လ်ဆီးအတွက် အစွမ်းကုန်ပေးဆပ်သွားမယ်လို့ပြောခဲ့တဲ့ ကိုင်စီဒို”
17 Oct
ချဲယ်လ်ဆီးကွင်းလယ်လူ ကိုင်စီဒို က အသင်းနည်းပြ အလွန်ဆို ရဲ့ ယုံကြည်မှုနှင့်အတူ အသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒဏ်ရာပြဿနာများကြောင့် အနားယူနေရတဲ့ ကိုင်စီဒို က ပရီးမီးယားလိဂ်ပွဲစဉ်(၆)အဖြစ် ကစားခဲ့တဲ့ ဘုန်းမောက်နှင့်ပွဲစဉ်မှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ပြီး ပုံစံကောင်းပြနိုင်ခဲ့ကာ ချဲယ်လ်ဆီးအသင်းက ဘုန်းမောက်ကို ၅ ဂိုး၊ ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ ကိုင်စီဒို က နည်းပြ အလွန်ဆို ရဲ့လက်အောက်မှာ အသင်းတိုးတက်လာမှုက အားရစရာကောင်းပြီး နည်းပြရဲ့ယုံကြည်မှုကိုရယူပြီး အကောင်းဆုံးပေးဆပ် ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။(NVS 008)
17 Oct