“ဥရောပထိပ်သီးလိဂ် ၅ ခုမှ ပြိုင်ပွဲစုံသွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့အသင်းများထဲမှာ ပါဝင်ခဲ့တဲ့ ဘရိုက်တန် အသင်း”

17 Oct

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းအနေနဲ့ ယခုရာသီပြိုင်ပွဲစုံသွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူထားပြီး ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ အသင်းများစာရင်း၌ တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ ပါတယ်။ ဘရိုက်တန်အသင်းထက် ဂိုးပိုသွင်းယူထားတဲ့အသင်းတွေက လာလီဂါကလပ် ဘာစီလိုနာအသင်းက ၄၃ ဂိုးနဲ့ ဘွန်ဒက်စ်လီဂါမှ ဘိုင်ယန်မြူးနစ်က ၃၀ ဂိုးတို့နဲ့ အသီးသီးရပ်တည်နေပါတယ်။ ဒါ့အပြင် ဘရိုက်တန်အသင်း ဝါရင့်ကွင်းလယ်လူ ပါစကယ်လ်ဂရော့ ရဲ့ စွမ်းဆောင်ရည်ကလည်း ချီးကျူးစရာ ကောင်းခဲ့ပြီး ဂိုးရနိုင်တဲ့ ပေးပို့မှုအရေအတွက်က အကြိမ် ၄၀ အထိရှိခဲ့ပါတယ်။ ၎င်းစံချိန်က ဘာစီလိုနာကြယ်ပွင့် ကစားသမား ယာမယ်လ် ရဲ့ စွမ်းဆောင်ရည်နဲ့တူညီခဲ့ပြီး ၂၀၂၆-၂၇ ရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှ ကစားသမားများထဲမှာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၃)နေရာမှာ ရပ်တည်နေသလို ကွန်ဖရန့်လိဂ် ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။(NVS 008)

17 Oct

ADVERTISE HERE .