“မြန်မာ့ထောပတ်သီးနှင့်သစ်သီးဝလံပွဲတော် ၂၀၂၆ ကျင်းပမည်”

17 Oct

မြန်မာ့ထောပတ်သီးနှင့်သစ်သီးဝလံပွဲတော် ၂၀၂၆ ကို ရန်ကုန်မြို့ မြေပဒေသာကျွန်း(ပုလဲကျွန်း)တွင် အောက်တိုဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်းမှ သိရပါတယ်။ အဆိုပါပွဲတော်ကြီးတွင် တောင်ပေါ်ဒေသက မြန်မာ့ထောပတ်သီး တောင်သူကြီးများရဲ့ တိုက်ရိုက် အရောင်းဆိုင်များ၊ ထောပတ်သီး၊ စားသောက်ကုန်များ၊ အလှကုန်များ၊ ထူးထူးခြားခြားလက်ရာများနှင့် မြည်းစမ်း၍ ကောင်းမည့် စားဖိုမှူးများ၏ ထောပတ်သီး Menu များ၊ ဗဟုသုတရစရာ ထောပတ်သီးပြခန်းများ၊ သစ်သီးဆိုင်ခန်းများ၊ အခြားသောစားသောက်ကုန်၊ လူသုံးကုန်ဆိုင်ခန်းများ ပါဝင်ခင်းကျင်းပြသထားမှာဖြစ်ပါတယ်။ ဒ့ါအပြင် ပအိုဝ်း၊ ဓနု၊ ရှမ်းတိုင်းရင်းသားများ၏ ချစ်စရာတိုင်းရင်းသားအကအလှများ၊ တေးဂီတဖျော်ဖြေရေး အစီအစဉ်များ၊ ပျော်ရွှင်စရာ Game အစီအစဉ်များ အပြည့်အစုံပါဝင်မည့် Fun Festival ကြီးအဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါကြောင့် စားသောက်ကုန်၊ အလှကုန်များ၊ လက်မှုအနုပညာပစ္စည်းများနှင့် အဝတ်အထည်ဆိုင်ခန်းပေါင်း ၇၀ ကျော်ပါဝင်မည့် ပွဲတော်ကြီးတွင် ထုတ်ကုန်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ Sponsor များအား ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။(NVS 008)

17 Oct

ADVERTISE HERE .