“(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲ ၇၃၃ တွဲ ရောင်းချခဲ့ရ”
17 Oct
(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်မျက်ခန်းမ၌ ဆက်လက်ကျင်းပခဲ့ပြီး ကျောက်စိမ်းအတွဲ ၇၃၃ တွဲ ရောင်းချ ခဲ့ရကြောင်း သိရပါတယ်။ ပြည်တွင်းရတနာကုန်သည်များက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) မြှင့်တင်ရန် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို လေ့လာကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အုပ်စု (စီ)မှ အတွဲအမှတ် ၁၆၀၆ မှ ၂၃၅၅ အထိ ကျောက်စိမ်းအတွဲ ၇၅၀ ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ကျောက်စိမ်းအတွဲ ၇၃၃ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။ ပြပွဲဒသမနေ့ဖြစ်သည့် အောက်တိုဘာ ၁၇ ရက်တွင် အုပ်စု(စီ)မှ အတွဲအမှတ် ၂၃၅၆ မှ ၃၀၇၃ အထိ ကျောက်စိမ်းအတွဲ ၇၁၈ တွဲကို ပြည်တွင်းရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြမှာဖြစ်ပါတယ်။ တင်ဒါပုံးများကို ညနေ ၅ နာရီတွင် ပိတ်သိမ်းကာ တာဝန်ရှိသူ များက ဖွင့်ဖောက်စစ်ဆေးပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို အောက်တိုဘာ ၁၇ ရက်တွင် ကြေညာမှာ ဖြစ်ပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာ့အဖိုးတန်သယံဇာတများကို ရေရှည် တည်တံ့စွာ အသုံးချနိုင်ရေး၊ မြေသယံဇာတများကို ကန့်သတ်ထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်နိုင်မှုတို့အကြား ဟန်ချက်ညီစွာ စီမံခန့်ခွဲဖြင်းဖြင့် သယံဇာတစီမံခန့်ခွဲမှု လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)