“ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမည်စာရင်းပြောင်းလဲပါက ကော်မရှင်သို့ ၇ ရက်အတွင်းတင်ပြရမည်”

17 Oct

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အမိန့်ကြော်ငြာစာအမှတ် ၉၈/၂ဝ၂၆ ဖြင့် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် အမည်စာရင်းပြောင်းလဲပါက ကော်မရှင်သို့ ၇ ရက်အတွင်းတင်ပြရမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၆ အရ အပ်နှင်း ထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၂၄ နည်းဥပဒေခွဲ(ဂ)တွင် ပါတီဖွဲ့စည်းပုံစည်း မျဉ်းနှင့်အညီ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမည်စာရင်းပြောင်းလဲပါက ကော်မရှင်သို့ (၇)ရက်အတွင်း တင်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် နည်းဥပဒေခွဲ(ဃ)ကိုလည်း ပညာအရည်အချင်းကန့်သတ်ချက်မှအပ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းနှင့်ပြည့်စုံသူကိုသာ ပါတီနာယကနှင့် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)

17 Oct

ADVERTISE HERE .