“နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ဆွေးနွေးနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား”

17 Oct

နျူကလီးယား လက်နက်များဖျက်သိမ်းရေးအတွက် တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ဆွေးနွေးနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ ရုရှားနိုင်ငံသည် ကမ္ဘာပေါ်၌ နျူကလီးယားထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ဒုတိယနှင့် တတိယအများဆုံး ပိုင်ဆိုင်ထားကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု၏အဆိုအရ သိရသည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက် အရေအတွက်သည် လာမည့်ငါးနှစ်အတွင်း အမေရိကန် နိုင်ငံ ပိုင်ဆိုင်ထားသော နျူကလီးယားလက်နက်အရေအတွက်ကို လိုက်မီလာဖွယ်ရှိကြောင်း သမ္မတ ဒေါ်နယ် ထရမ့် က နယူးစ်မက်စ်သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်၌ ပြောကြားထားသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံသည် နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် တရုတ်နှင့် ရုရှား နိုင်ငံတို့ကို ဆွေးနွေးနေကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထားသည်။ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ကြား ရယူထားသော မဟာဗျူဟာလက်နက်များ လျှော့ချရေးစာချုပ် ယခုနှစ်စပိုင်းတွင် သက်တမ်းကုန်ဆုံးပြီးနောက် နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် တရုတ်နှင့် ရုရှားနိုင်ငံတို့ကို ဆွေးနွေးနေသည်ဟု သမ္မတ ဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောကြားထားကြောင်း သိရသည်။

17 Oct

ADVERTISE HERE .