အသားအရေ ခြောက်သွေ့မှုတွေအတွက် သက်သာစေအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းများ

16 Oct

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အသားအရေ ခြောက်သွေ့မှုတွေအတွက် သက်သာစေအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ရေချိုးချိန်ကို ၅ မိနစ်မှ ၁၀ မိနစ်ခန့်သာ ကန့်သတ်ပါ။ ရေချိုးရင် ရေနွေးနွေးကိုသာ အသုံးပြုပါ။ အရေပြားရှိ သဘာဝအဆီဓာတ်များကို ဆုံးရှုံးစေနိုင်တဲ့ ရေပူနဲ့ ရေချိုးခြင်းကို ရှောင်ကြဉ်ပါ။ အရေပြားကို နူးညံ့စွာ သန့်စင်ပေးနိုင်တဲ့ ပစ္စည်းများကို အသုံးပြုပါ။ ဆပ်ပြာအကြမ်းများ၊ အမြှုပ်အလွန်ထွက်တဲ့ ဆပ်ပြာမျိုးများ သို့မဟုတ် ရေချိုးဖတ် (loofah) ဖြင့် အသားကို ပွတ်တိုက်ခြင်းမျိုးကို ရှောင်ကြဉ်ပါ။ ရေချိုးပြီးနောက် သန့်ရှင်းတဲ့ တဘက်ဖြင့် အရေပြားကို အရမ်းပွတ်တိုက်ခြင်းမပြုဘဲ ဖြည်းညှင်းစွာ တို့ထိသုတ်ပေးပါ။ ပန်းကန်ဆေးတဲ့အခါ၊ အိမ်သန့်ရှင်းရေး သုံး ဓာတုပစ္စည်းများကို ကိုင်တွယ်တဲ့အခါ သို့မဟုတ် အေးပြီး ခြောက်သွေ့သော ရာသီဥတုတွင် အပြင်ထွက်တဲ့အခါမှာ လက်အိတ်ဝတ်ဆင်ပါ။ နူးညံ့တဲ့ အဝတ်အစားများကို ရွေးချယ်ဝတ်ပါ။ ဝါဂွမ်း (cotton) ကဲ့သို့သော သဘာဝအတိုင်း လေဝင်လေထွက်ကောင်းဖြင့် ပြုလုပ်ထားတဲ့ ချောင်ချောင်ချိချိ အဝတ်အစားများကို ဝတ်ဆင်ပါ။ သိုးမွှေး (wool) ကဲ့သို့သော အရေပြားကို ယားယံစေနိုင်တဲ့ အထည်အမျိုးအစားများ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ ခန္ဓာကိုယ်တွင်း ရေဓာတ်ပြည့်ဝအောင်နေပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ထိန်းသိမ်းထားနိုင်ရန် တစ်နေ့တာလုံး ရေများများလည်း သောက်သုံးပေးပါ။ ပျားရည်ကို ခွက်ရဲ့ တစ်ဝက်လောက် ထည့်ပြီး နွားနို့ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာထည့်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းပေးပြီး ၅ မိနစ်လောက် နှိမ့်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ ဒီနည်းလမ်းလေးက ဆောင်းရာသီအတွင်း အသားအရေခြောက်သွေ့မှုကို အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့ကို အစိုဓာတ်ထိန်းခရင်မ် (moisturizer) များများလိမ်းပေးပါ။ အသားအရေခြောက်သွေ့တယ်လို့ ခံစားရတိုင်း ထပ်လိမ်းပါ။ လက်ဆေးပြီးချိန် ဒါမှမဟုတ် ရေချိုးပြီးချိန် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးလို့ရပါတယ်။ ထောပတ်သီးဟာ ဆောင်းရာသီအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ အသားအရေ ခြောက်သွေ့တာအတွက် အကောင်းဆုံးဖြစ်သလို အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ထောပတ်သီးကို သံလွင်ဆီ အနည်းငယ် နဲ့ ရောပြီး နယ်ပေးကာ မျက်နှာပေါ် လိမ်းပေးပါ။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidant တွေက ဆောင်းရာသီကြောင့် ခြောက်သွေ့နေတဲ့ အသားအရေကို စိုပြေလန်းဆန်းလာစေမှာ ဖြစ်ပါတယ်။ ကြက်ဥအကာ ကတော့ ချွေးပေါက်ကျယ်ပြီး အဆီပြန်တဲ့ သူတွေအတွက် သင့်တော်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ကြက်ဥနှစ်လုံးက အကာတွေကို မျက်နှာမှာလိမ်းပေးပြီး နာရီဝက်ကနေ တစ်နာရီ အထိထားကာ မျက်နှာသစ်ပေးပါ။ နဖူး၊ နှာခေါင်း၊ မေးစေ့တို့ မှာသာ အဆီပြန်ပြီး မျက်နှာပြင်ရဲ့တခြားနေရာတွေမှာ ခြောက်သွေ့နေတတ်တဲ့ ပေါင်းစပ်အသားအရေ (Combination Skin) အမျိုးအစားရှိသူတွေအတွက် ငှက်ပျောသီးကို ခရင်မ်နဲ့ ရောပြီး မျက်နှာပေါ်မှာ တစ်နာရီခွဲကြာအောင် လိမ်းပေးထားပါ။ အသားအရေ နူးညံ့ချော့မွေ့လာမှာ ဖြစ်ပါတယ်။ (NVS 003)

16 Oct

ADVERTISE HERE .