ကုန်ဈေးနှုန်းသတင်း ၁၆.၁၀.၂၀၂၆

16 Oct

အောက်တိုဘာလ ၁၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ဘိုကိတ်ပဲဈေးတွေ အနည်းငယ် တက်လာပြီး စားတော်ပဲနဲ့ ကြက်သွန်နီဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ အာလူး၊ ထန်းလျက်၊ သကြား၊ ကြက်သွန်ဖြူနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၅,၈၇၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၄,၈၈၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၅၈၀ ကျပ်ကနေ ၅,၉၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၆,၄၆၅ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၅,၅၀၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၂,၃၄၅ ကျပ်ကနေ ၁၄,၅၁၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၆၆၅ ကျပ်ကနေ ၁၃,၈၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၄၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၆၇၅ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇,၇၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၇,၈၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၁၅၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးရွှေ(ကြီး/လတ်/သေး) တစ်ပိဿာကို ၂၅,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၁၁,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၆၃၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၆၆၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၇၀၅ ကျပ်၊ မန္တလေးမှာ ၄,၈၆၀ ကျပ်၊ နေပြည်တော်မှာ ၄,၈၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၈၅၀ ကျပ်၊ မန္တလေး မှာ ၅,၀၀၅ ကျပ်၊ နေပြည်တော်မှာ ၄,၉၅၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၄၈၅ ကျပ်၊ မန္တလေးမှာ ၄,၆၃၅ ကျပ်၊ နေပြည်တော်မှာ ၄,၅၉၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၄၄၀ ကျပ်၊ မန္တလေးမှာ ၅,၅၉၅ ကျပ်၊ နေပြည်တော်မှာ ၅,၅၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ် (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၃၄၀,၀၀၀ိ/-) သိန်းတစ်ရာ သုံးသိန်း လေးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

16 Oct

ADVERTISE HERE .