“ဇယားထိပ်ပိုင်းအသင်းတွေသာ အသာစီးရဦးမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်”
16 Oct
စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၇) မှာ ဇယားထိပ်ပိုင်းအသင်းတွေဖြစ်တဲ့ မန်စီးတီး၊ ချဲလ်ဆီးအသင်း စတဲ့အသင်းတွေက အသာစီးရယူနိုင်ဖွယ်ရှိနေပါတယ်။ စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၇)ရဲ့ အစောဆုံးပွဲတစ်ပွဲဖြစ်တဲ့ အဲဗာတန်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ပွဲစဉ်မှာ အမှတ်ဇယားအဆင့်(၄)အတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နှစ်ဖက်အသင်းက ရမှတ် ကွာဟချက်မရှိတာကြောင့် အပြန်အလှန်တိုက်စစ်တွေနဲ့ အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအသင်းက အိမ်ရှင်အဲဗာတန်အသင်းကို အသာစီးယူရယူနိုင်ဖွယ် ရှိနေပါတယ်။ နောက်ထပ်အဆင့်(၄) နေရာအတွက် ကစားရမယ့် ဘရန်းဖို့ဒ်အသင်းက အဆင့် (၉) နေရာမှ လီဗာပူးလ် အသင်းနဲ့ တွေ့ဆုံနေပါတယ်။ လက်ရှိရာသီမှာ ခြေစွမ်းပိုင်းအရ ကောင်းမွန်နေတဲ့ ဘရန်းဖို့ဒ်အသင်းက ရလဒ်တွေ မတည်မငြိမ်ဖြစ်နေတဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ အကောင်းဆုံးတုံ့ပြန်ကစားနိုင်မလားဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခုပွဲစဉ်ကို တစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်နိုင်ချေရှိပါတယ်။ ဇယားထိပ်ပိုင်းမှ မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ အစ်ဝစ်အသင်းကို အသာစီးရယူကာ ဂိုးပြတ် အနိုင်ရယူသွားနိုင်ပါတယ်။ စနေနေ့ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်အသင်းနှင့် အက်စတွန်ဗီလာအသင်း တို့ပွဲစဉ်မှာ အိမ်ရှင် နယူးကာဆယ်အသင်းက အနိုင်ရသွားနိုင်ပါတယ်။ (NVS 008)