“အသင်းလက်မဲ့ ဖြစ်နေတဲ့ ဆန်ချို ကို ကမ်းလှမ်းခဲ့တဲ့ ဂီတာဖေးအသင်း”

16 Oct

စပိန်လာလီဂါကလပ် ဂီတာဖေးအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဆန်ချို ကို ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဆန်ချို အနေနဲ့ ဒေါ့မွန်၊ မန်ယူ၊ ချဲလ်ဆီး၊ အက်စတွန်ဗီလာအသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီက မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ ဒါကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့ ဆန်ချို ကို ဂီတာဖေးအသင်းက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ ဂီတာဖေးအသင်းဟာ မန်ယူလူငယ်ကစားသမားဟောင်း ဂရင်းဝုဒ် ကိုလည်း ခေါ်ယူခဲ့ဖူးတာကြောင့် ဒီအပြောင်းအရွှေ့က အမှန်တကယ်ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဂီတာဖေးအသင်းဟာ တောင်ပံကစားသမားတစ်ယောက်ကို အားဖြည့်လိုနေပြီး ဆန်ချို ကို ပစ်မှတ် ထားလာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆန်ချို အနေနဲ့ အင်္ဂလန်အပျော်တမ်းကလပ်ဖြစ်တဲ့ Flixton FC အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေကြောင်း သိရပါတယ်။ (NVS 008)

16 Oct

ADVERTISE HERE .