“ချန်ပီယံလိဂ်ဂိုး ၆၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ ဟာလန်း”

16 Oct

မန်စီးတီးတိုက်စစ်မှူး ဟာလန်း ဟာ ချန်ပီယံလိဂ်ဂိုး ၆၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ ကြောင်း သိရပါတယ်။ ဟာလန်းဟာ PSG အသင်းကို ၂ ဂိုး ၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးသွင်းယူခဲ့တာကြောင့် ချန်ပီယံ လိဂ်ဂိုး ၆၀ ပြည့်သွားခဲ့တဲ့အပြင် သွင်းဂိုး ၆၁ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဟာလန်း အနေနဲ့ ဂိုး ၆၀ သွင်းယူနိုင်ဖို့ ပွဲ ၆၀ သာ ကစားခဲ့ရတာကြောင့် ပွဲအနည်းဆုံးနဲ့ ဂိုး ၆၀ ပြည့်သွင်းယူနိုင်သူအဖြစ်ပါ စံချိန်တင်ခဲ့ပါတယ်။ အရင်က ချန်ပီယံလိဂ်ဂိုး ၆၀ ကို ပွဲအနည်းဆုံးနဲ့ ပြည့်မြောက်သူအဖြစ် စံချိန်တင်ထားတာက မက်ဆီ ဖြစ်ပါတယ်။ ဟာလန်း က ချန်ပီယံလိဂ်ဂိုး ၆၀ ကို အသက် ၂၆ နှစ်နဲ့ ၈၅ ရက်မှာ သွင်းယူနိုင်ခဲ့တာကြောင့် အသက်အငယ်ဆုံး ဂိုး ၆၀ ပြည့်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါစံချိန်ကိုလည်း ယခင်က မက်ဆီ တစ်ဦးတည်းသား စိုက်ထူထားခဲ့တာဖြစ်ပြီး ဟာလန်းက တစ်ရက်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

16 Oct

ADVERTISE HERE .