“ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဟန်ဒါဆန်”
16 Oct
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဟန်ဒါဆန် ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာ ချယ်လ်ဆီးက ဘုန်းမောက်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဟန်ဒါဆန် က သွင်းဂိုး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအတွင်း ဂိုးပါဝင်ပတ်သက်မှု ၃ ဂိုးရှိတဲ့ အသက်အကြီးဆုံး ချဲလ်ဆီးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟန်ဒါဆန် က ပြီးခဲ့တဲ့နွေရာသီမှာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး နှစ် နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ပရိသတ်တွေက မဲပေးရွေးချယ်ရာမှာ ဟန်ဒါဆန် က ဆန္ဒမဲ ၅၃ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ဟန်ဒါဆန် ဟာ ပွဲစဉ်(၁)ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ကိုးလ်ပါလ်မား ရွေးချယ်ခံရပြီးနောက်ပိုင်း ဒီရာသီမှာဒုတိယမြောက်ရွေးချယ်ခံရတဲ့ ချဲလ်ဆီး အသင်း ကစားသမားဖြစ်ပါတယ်။ (NVS 008)