“ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ အမ်ဘာပေ အဆင့်(၅)နေရာ ရောက်ရှိလာ”

16 Oct

ရီးရဲလ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမား စာရင်းမှာ အဆင့်(၅)နေရာ ရောက်ရှိလာကြောင်း သိရပါတယ်။ အမ်ဘာပေ ဟာ ရိုးမားအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချေပဂိုး ပြန်လည်သွင်းယူ ပေးခဲ့တာကြောင့် ချန်ပီယံလိဂ်သွင်းဂိုး ၇၂ ဂိုး ရှိလာခဲ့ပြီး အဆင့်(၅)နေရာ ရောက်ရှိလာခဲ့ပါတယ်။ ချန်ပီယံလိဂ်သမိုင်း တစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားက စီရော်နယ်လ်ဒို ၁၄၀ ဂိုးဖြစ်ပြီး မက်ဆီက ၁၂၉ ဂိုးနဲ့ ဒုတိယနေရာ၊ လီဝန်ဒေါစကီးက ၁၀၉ ဂိုးနဲ့ တတိယနေရာ၊ ဘန်ဇီမာက ဂိုး ၉၀ နဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။ အမ်ဘာပေက ရိုးမားနဲ့ပွဲမှာ ချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲ ၁၀၀ ကို အသက်အငယ်ဆုံး နဲ့ ပြည့်မြောက်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အမ်ဘာပေ က ချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်မြောက်တဲ့ ပဉ္စမမြောက် ပြင်သစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 008)

16 Oct

ADVERTISE HERE .