“စူပါအယ်လ်နီညိုအခြေအနေမှာ ရန်ကုန်မြို့တော်ရေလုံလောက်စွာပေးဝေနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ”

16 Oct

စူပါအယ်လ်နီညို ရာသီဥတုအခြေအနေမှာ ရန်ကုန်မြို့တော်အတွင်း ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲကို ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၌ ကျင်းပခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြော ကြားခဲ့ပြီး တက်ရောက်လာတဲ့ ကျွမ်းကျင်ပညာရှင်များက စူပါအယ်လ်နီညိုကာလအတွင်း မြို့တော်ရေပေးဝေရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ နည်းလမ်းများကို အသီးသီးဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

16 Oct

ADVERTISE HERE .