“တောင်ကြီးတန်ဆောင်တိုင်ကာလ တောင်ကြီး-ပေါမူ အပျော်စီးရထား ၄ ရက် တိုးမြှင့်ပြေးဆွဲရန် စီစဉ်နေ”
16 Oct
တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ခရီးသွားများနှင့် ဒေသခံများ လည်ပတ် နိုင်ရန်အတွက် တောင်ကြီး-ပေါမူ အပျော်စီးရထားကို ၄ ရက်အထိ တိုးမြှင့်ပြေးဆွဲရန် စီစဉ်နေကြောင်း သိရပါတယ်။ တောင်ကြီး-ပေါမူ အပျော်စီးရထားမှာ ပုံမှန်အားဖြင့် တနင်္ဂနွေနေ့များမှသာ တစ်ပတ်လျှင် တစ်ရက် ပြေးဆွဲပေးနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့်ယခုနှစ်ပွဲတော်ကာလအတွင်း ယခင်နှစ်ကဲ့သို့ပင် လေးရက်အထိ တိုးမြှင့် ပြေးဆွဲနိုင်ရန် ပြေးဆွဲမည့်ရက်နှင့် အချိန်ဇယားများကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း တောင်ကြီး-ပေါမူ အပျော်စီးရထားကို တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း လေးရက်အထိ တိုးမြှင့်ပြေးဆွဲပေးခဲ့ ပါတယ်။ လက်မှတ်ခနှုန်းထားများအနေဖြင့် တောင်ကြီး-ပေါမူ အပျော်စီးရထားအတွက် ရိုးရိုးတန်း ကျပ် ၅,၀၀၀ နှင့် အထူးတန်း ကျပ် ၁၀,၀၀၀ သတ်မှတ်ထားပါတယ်။ (NVS 008)
16 Oct