“ခွင့်ပြန်အလုပ်သမားများအတွက် တင်ပြရမည့်အချက်များအနက် အချက် ၂ ချက်ကိုဖြေလျော့ပေး”

16 Oct

အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ခွင့်ပြန်လာတဲ့ခွင့်ပြန်အလုပ် သမားများ ခွင့်ရက်စေ့၍ ပြန်လည်ထွက်ခွာရာမှာ တင်ပြရမည့် အချက်များအနက် အချက် ၂ ချက်ကို ဖြေလျော့ပေးခဲ့ ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနေ သိရပါတယ်။ ခွင့်စေ့၍ပြန်လည်ထွက်ခွာရမည့် ခွင့်ပြန်အလုပ်သမားများ မပျက်မကွက်တင်ပြရမည့် အချက်များအနက် အလုပ်ရှင်၏ခွင့်စာနှင့် သက်ဆိုင်ရာနိုင်ငံသံရုံး၏ ထောက်ခံချက်တို့ကို အောက်တိုဘာလ ၁၀ ရက်မှစတင်၍ ဖြေလျော့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်/ Visa မိတ္တူ၊ အနည်းဆုံးသက်တမ်း ၁ နှစ်ရှိတဲ့ OWIC ကတ်ရှေ့နောက်(မိတ္တူ)၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှရိုက်နှိပ်ထားသည့် ပြည်ပထွက်ခွာခွင့်နှင့် ပြည်ဝင်ခွင့် တံဆိပ်တုံးများပါရှိတဲ့ နိုင်ငံကူးလက်မှတ်စာမျက်နှာ(မိတ္တူ)တို့ကို ပုံမှန်အတိုင်း တင်ပြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်လက်မှတ်(မိတ္တူ)၊ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့ခဲ့တဲ့ အနီးဆုံး ၃ လစာ အသေးစိတ်အထောက်အထားများ၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ၁ နှစ်စာပေးဆောင်ခဲ့တဲ့ အထောက် အထားရောက်ရှိကြောင်း သတင်းပို့ပုံစံတို့ကိုလည်း ပုံမှန်အတိုင်းတင်ပြရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

16 Oct

ADVERTISE HERE .