“KNU၊ CNF နှင့် ABSDF အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာပါဝင်ရန် နိုင်ငံတော်သမ္မတ ထပ်မံဖိတ်ခေါ်”
16 Oct
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့တဲ့ KNU၊ CNF နှင့် ABSDF အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာပါဝင်ကြရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အောက်တိုဘာလ ၁၅ ရက်နံနက်ပိုင်းမှာ နေပြည်တော်၌ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ Video Message ပေးပို့၍ အဖွင့်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက လွန်ခဲ့တဲ့(၅)နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့တဲ့ KNU၊ CNF နှင့် ABSDF အဖွဲ့ များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ပါဝင်ကြရန်ထပ်မံဖိတ်ခေါ်ခဲ့ပြီး PDF အဖွဲ့များကို ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့ဖြစ်ချင်တာ များကိုသာ ဦးစားပေးတောင်းဆိုနေမည့်အစား ဖြစ်သင့်ဖြစ်ထိုက်သည်နှင့် ဖြစ်နိုင်သည်များကို တွေ့ဆုံဆွေးနွေး အဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 008)