“ ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ဗင်နီစီယပ်စ်”

15 Oct

စပိန်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ရီးရဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ကို ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ ဗင်နီစီယပ်စ် ဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ ပြိုင်ဘက်ကစားသမား နသန်ဆာလီဘာ ရဲ့ ဆံပင်ကို ဆွဲခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရတာဖြစ်ပြီး ဒိုင်လူကြီးကို ဒေါသတကြီးတုံ့ပြန်ခဲ့တာကြောင့် အခုလို ၄ ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆာလီဘာ ရဲ့ ဆံပင်ကို ဆွဲခဲ့ခြင်းအတွက် ၂ ပွဲ၊ ဒိုင်လူကြီးကို ဒေါသတကြီးတုံ့ပြန်ခဲ့ခြင်းအတွက် ၂ ပွဲ စုစုပေါင်းပွဲပယ် ၄ ပွဲအထိ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဗင်နီစီယပ်စ် ဟာ အခုပြစ်ဒဏ်ကြောင့် ဆီဗီလာ၊ ဘာစီလိုနာ၊ ရေးဆင်း၊ ဗလင်စီယာတို့နဲ့ ယှဉ်ပြိုင်ရမယ့် လာလီဂါပွဲစဉ် ၄ ပွဲကို လွဲချော်ရမှာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက် ဆယ်လ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကျမှ ပြန်လည်ကစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

15 Oct

ADVERTISE HERE .