“ဇန်နဝါရီလမှာ ဒီဂျောင်း ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီးအသင်း”

15 Oct

ချဲလ်ဆီးအသင်းဟာ လာမယ့်ဇန်နဝါရီလအပြောင်းအရွှေ့စျေးကွက်မှာ ဘာစီလိုနာအသင်း ကစားသမား ဖရန်ကီဒီဂျောင်း ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် အလွန်ဆို က ပြီးခဲ့တဲ့နွေရာသီမှာ ဂျော်ဒန်ဟန်ဒါဆန်၊ မော်ဂန်ရော်ဂျာစ်၊ ဘာကို စတဲ့ ကစားသမားသစ်တွေခေါ်ယူပြီး ကွင်းလယ်ကို အားဖြည့်ခဲ့ပေမယ့် အန်ဇိုဖာနန်ဒက်ဇ်နဲ့ အန်ဒရေဆန်းတို့စ် တို့ကို ပြန်လည်ဆုံးရှုံးခဲ့ရတာကြောင့် ဇန်နဝါရီလမှာ အားထပ်ဖြည့်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ အလွန်ဆို က အခုရာသီမှာ ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာအသင်းအတွက် ပွဲကစားခွင့်မရသေးတဲ့ ဒီဂျောင်း ကို ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ပေါင်သန်း ၅၀ အထက်နဲ့ ကမ်းလှမ်းမှသာ လက်ခံစဉ်းစားဖွယ်ရှိကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဒီဂျောင်း က ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၂၉၇ ပွဲ ကစားထားသူဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားပါတယ်။ ချဲလ်ဆီးအသင်းကလည်း ဒီဂျောင်း အတွက် ပေါင်သန်း ၅၀ အထက် သုံးစွဲဖို့ ရည်ရွယ်ထားတာကြောင့် ပြောင်းရွှေ့ကြေးအတွက် ပြဿနာမရှိနိုင်ပေမယ့် ဒီဂျောင်း ရဲ့ ကြံ့ခိုင်မှုအခြေအနေကိုတော့ စောင့်ကြည့်နေကြောင်း သိရပါတယ်။ (NVS 008)

15 Oct

ADVERTISE HERE .