“ပေါင်သန်း ၁၀၀ ရရှိပါက အဲလက်စ်စကော့ ကို ရောင်းထုတ်မယ်လို့ဆိုတဲ့ ဘုန်းမောက်အသင်း”

15 Oct

ဘုန်းမောက်အသင်းဟာ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲလက်စ်စကော့ ကို ပေါင်သန်း ၁၀၀ ရပါက လာမယ့် ဇန်နဝါရီစျေးကွက်မှာ ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။ အဲလက်စ်စကော့ ဟာ အသက် ၂၃ နှစ်သာရှိသေးပြီး ပရီးမီးယားလိဂ်မှာ ၈၅ ပွဲသာ ကစားဖူးသေးပေမယ့် အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် အကဲဖြတ်ခံထားရတာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်း တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အဲလက်စ်စကော့ ကို ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူနဲ့ စပါးအသင်းတို့က ခေါ်ယူဖို့ ချိန်ရွယ်နေခြင်းဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၆၄ သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဘုန်းမောက်အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အခြေအနေမကောင်းဘဲ ရုန်းကန်နေခဲ့ရပါက အဲလက်စ်စကော့ကို ရောင်းထုတ်မှာမဟုတ်ကြောင်းလည်း သိရပါတယ်။ (NVS 008)

15 Oct

ADVERTISE HERE .