“ဒိုင်လူကြီးများကို ဝေဖန်ခဲ့တာကြောင့် ဒဏ်ကြေး ၇ သိန်းချမှတ်ခံရတဲ့ နည်းပြချုပ် ဦးခင်မောင်လွင်”

15 Oct

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်က ကစားခဲ့တဲ့ M League 2026-27 ပြိုင်ပွဲရဲ့ ပွဲစဉ် ၁၇ မှာ တာဝန်ကျ ဒိုင်လူကြီးများကို ဝေဖန်ခဲ့တဲ့ Yangon United FC နည်းပြချုပ် ဦးခင်မောင်လွင် ကို ဒဏ်ကြေးငွေကျပ် ၇ သိန်း ပေးဆောင်ရန်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက အဆိုပါဖြစ်စဥ်ကို အောက်တိုဘာလ ၁၄ ရက်မှာ အစည်းအဝေးပြုလုပ်ပြီး ပြိုင်ပွဲကြီးကြပ်အစီရင်ခံစာ၊ ပြိုင်ပွဲတာဝန်ကျမီဒီယာကြီးကြပ် ၏အစီရင်ခံစာ၊ ရုပ်သံမှတ်တမ်းများ၊ အသံဖိုင်မှတ်တမ်းများကို ကြည့်ရှုပြီးနောက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ Yangon United FC နည်းပြချုပ် ဦးခင်မောင်လွင်က ပြိုင်ပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ကျဒိုင်လူကြီးများကို ဝေဖန်ခဲ့၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ (၁၇)နှင့် ပြိုင်ပွဲဆိုင်ရာ သတင်းနှင့်မီဒီယာစည်းမျဉ်းစည်းကမ်းအပိုဒ်(၄)၊ အပိုဒ်ခွဲ(ဂ)တို့ကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

15 Oct

ADVERTISE HERE .