“ကျိုက်ထိုမြို့ရှောင်လမ်းကို မူလအကျယ်မှ ထပ်မံတိုးချဲ့ခင်းကျင်း”
15 Oct
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ မူလအကျယ်(၇ ဒသမ ၃၁)မီတာရှိ ကျိုက်ထိုမြို့ရှောင်လမ်းကို ၁၄ ဒသမ ၆၃ မီတာအထိ တိုးချဲ့ခင်းကျင်းလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါကျိုက်ထိုမြို့ရှောင်လမ်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေနဲ့ တိုးချဲ့ ခင်းကျင်းခြင်းဖြစ်ပြီး လမ်းချဲ့ခြင်းအပြင် သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ကတ္တရာကွန်ကရစ်ခင်းခြင်းနှင့် လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်းတို့ကို ပြုလုပ်လျက်ရှိပါတယ်။ ဒါ့အပြင် ကျိုက်ထိုမြို့ရှောင်လမ်း၏ ယာဘက်ခြမ်းမှာ အရှည် ၇၅ မီတာ၊ အမြင့် ၂ ဒသမ ၉၄၅ မီတာရှိ Toe Wall နှင့် Retaining Wall တို့ကိုလည်း တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။
15 Oct