“ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်မှု စာတွေ့လက်တွေ့သင်တန်းကို ဖွင့်လှစ်ပေးမည်”
15 Oct
ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းမှ မျိုးစေ့ထုတ်လုပ်ခြင်းအထိ စာတွေ့လက်တွေ့သင်ကြားပေးမည့် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်ခြင်း သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ရှိ ဟင်းသီး ဟင်းရွက်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC)မှာ နိုဝင်ဘာလ ၁ ရက်မှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ လေးလကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲက ဖွင့်လှစ်ခြင်းဖြစ်ပြီး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရာမှ အရည်အသွေးကောင်းမွန်သော မျိုးစေ့များ ထုတ်လုပ်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၅၄၀၃၁၉၄၊ ၀၉-၇၉၅၄၅၇၅၁၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး [email protected] နှင့် [email protected] တို့မှတစ်ဆင့်လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။