“တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံရေးပါတီများ တွေ့ဆုံ”

15 Oct

တရုတ်ပြည်ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peng Xiubin ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ အောက်တိုဘာလ ၁၃ ရက်မှာ ရန်ကုန်မြို့ရှိ Lotte Hotel ၌တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနိုင်ငံရေးပါတီများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံရေးပါတီများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသများ ပြန်လည်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအပြင် နှစ်နိုင်ငံလူငယ်မျိုးဆက်သစ်များအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးကိစ္စရပ်များကိုလည်း သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ရခိုင့်ဦးဆောင်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီတို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

15 Oct

ADVERTISE HERE .