“သတ်မှတ်စံချိန်စံညွှန်းထက် ထပ်ဖြည့်ပစ္စည်းများ ကျော်လွန်ပါဝင်တဲ့ ကုန်ပစ္စည်းများကို ဈေးကွက်မှ ပြန်လည် ရုပ်သိမ်း”
15 Oct
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က သတ်မှတ် စံချိန်စံညွှန်း ထက်ကျော်လွန်သော အစားအသောက်ထပ်ဖြည့်ပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် ထုတ်ကုန် ၅ မျိုးကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် သတိပေးထုတ်ပြန်လိုက်ပါတယ်။ FDA ၏ စစ်ဆေးတွေ့ရှိချက်များအရ နဂါးနီ ပုန်းရည်ကြီး၊ Ve Ve စတော်ဘယ်ရီဖျော်ရည်၊ အော်ရိုရာ အမှတ်တံဆိပ် မက်မန်းသီးချိုချဉ်၊ နန်းတွင်းသူ အမှတ်တံဆိပ် ငရုတ်သီးအစိမ်းမှုန့်နှင့် DEDE နို့ဒိန်ချဉ်လိမ္မော် အနံအရသာ တို့ ဖြစ်ပါတယ်။ အဆိုပါကုန်ပစ္စည်းများမှာ အစားအသောက်များ မပုပ်မသိုးစေရန် ထည့်သွင်းအသုံးပြုတဲ့ ဓာတုပစ္စည်းများ ပါဝင်နေပြီး သတ်မှတ်ပမာဏထက် လွန်ကဲစွာစားသုံးမိပါက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ၎င်းကုန်ပစ္စည်း များကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် ပြန်လည်ရုပ်သိမ်းရန် အသိပေးထားပါတယ်။