“M League မှာ VAR စနစ်ကို လာမယ့်ရာသီမှစတင်ပြီး အသုံးပြုနိုင်ရန် ကြိုးစားဆောင်ရွက်နေ”

14 Oct

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မြန်မာလိဂ် M League ကော်မတီဟာ M League မှာ VAR စနစ်ကို လာမယ့်ရာသီမှစတင်ပြီး အသုံးပြုနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရပါတယ်။ မြန်မာလိဂ်(M League)ကော်မတီဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၂ ရက်က ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲဝင် အသင်း ၁၀ သင်းကို မိတ်ဆက်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ယင်းအခမ်းအနားမှာ VAR စနစ်နဲ့ ပတ်သက်ပြီး မြန်မာလိဂ်(M League)ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ဖြစ်သူ ဦးကိုကိုသိန်းက ထည့်သွင်းအတည်ပြု ပြောကြားခဲ့ပါတယ်။ မြန်မာလိဂ်(M League)ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဖြစ်သူ ဦးကိုကိုသိန်းရဲ့ ပြောကြားမှုအရ M League မှာ VAR စနစ် အသုံးပြုနိုင်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ထံ တင်ပြထားကြောင်း၊ VAR စနစ်ကို အသုံးပြုနိုင်ရန် အချိန်ခြောက်လမှ တစ်နှစ်ခန့်အထိ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ အာရှ ဘောလုံးအဖွဲ့ချုပ်(AFC)တို့မှ ပြဋ္ဌာန်းထားတဲ့ VAR စနစ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ရန် လိုအပ်ကြောင်း VAR စနစ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ နိုင်ငံခြားသားတစ်ဦးကို ငှားရမ်းရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။ (NVS 008)

14 Oct

ADVERTISE HERE .