“အမေရိကန် US Division- 3 လိဂ်မှာ ကစားခဲ့တဲ့ အောင်သိုက်ထွန်း ခြေစွမ်းစမ်းသပ်ခံဖို့ ရန်ကုန်ရောက်ရှိ”

14 Oct

အမေရိကန် US Division- 3 လိဂ်မှာ ကစားခဲ့တဲ့ အောင်သိုက်ထွန်း အနေနဲ့ မြန်မာလက်ရွေးစင် အသင်းအတွက် အစမ်းသပ်ခံဖို့ အောက်တိုဘာလ ၁၃ မှာ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ညာနောက်ခံကစားသမား အောင်သိုက်ထွန်း က မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ကစားနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အောင်သိုက်ထွန်း ကို မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်ဖြစ်သူ နော်ဝေနိုင်ငံသား ဂျွန်အန်ဒါဆင် က ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့်နိုဝင်ဘာအတွင်း ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲကစားဖို့ စီစဥ်နေလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

14 Oct

ADVERTISE HERE .