“ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြရေပန်းစားမှုမှာ ထိပ်ဆုံးရောက်လာခဲ့တဲ့ ကာရစ်”

14 Oct

မန်ယူအသင်းနည်းပြ မိုက်ကယ်ကာရစ် ဟာ ပရီးမီးယားလိဂ်မှာ ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြရေပန်းစားမှု၌ ထိပ်ဆုံးရောက်လာခဲ့တယ်လို့ သိရပါတယ်။ စပါးအသင်းနဲ့ တစ်ဂိုးစီသရေကျပြီးနောက် ကာရစ်က ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး စပါးအသင်းနည်းပြ ဒီဇယ်ဘီက ၅း၂ လေး၊ ဖူလ်ဟမ်အသင်းနည်းပြ အာဘီလိုအာက ၅း၂ လေး၊ ပဲလေ့စ်အသင်းနည်းပြ ပီယာရေးဆာဂျီက ၆း၁ လေး၊ နော်တင်ဟမ်အသင်းနည်းပြ ဂလက်စနာက ၇ : ၁ လေးနဲ့ အသီးသီးရှိနေပါတယ်။ ဒါပေမယ့် လောင်းကစားဝက်ဘ်ဆိုက် အတော်များများမှာတော့ အာဘီလိုအာ ကို နံပါတ်တစ်နေရာ ပေးထား ပြီး ကာရစ် က နံပါတ်နှစ်နေရာမှာပဲ ရပ်တည်နေတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ရာသီအစ ခြောက်ပွဲကစားအပြီး ခြောက်မှတ်သာရထားကာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်ပိုင်းနဲ့ ရင်ဆိုင် နေရပါတယ်။ (NVS 008)

14 Oct

ADVERTISE HERE .