“FIFA ဥက္ကဋ္ဌ အင်ဖန်တီနို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ပေးခံရတဲ့ အဖွဲ့အစည်းတစ်ခုကနေ ဒေါ်လာ ၁ ဒသမ ၇ သန်း ရရှိခဲ့”
14 Oct
FIFA ဥက္ကဋ္ဌ အင်ဖန်တီနို ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူလုပ်ကိုင်ခွင့်ရတဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုကနေ စာရင်းမဖော်ပြတဲ့ ဒေါ်လာ ၁ ဒသမ ၇ သန်း ရရှိခဲ့ပါတယ်။ FIFA နဲ့ U.S. Internal Revenue Service (IRS) ရဲ့မှတ်တမ်းတွေအရ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ထပ်ဆောင်းရရှိငွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာက FIFA စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ သတင်းတွေက ရေးသားခဲ့ပါတယ်။ IRS မှတ်တမ်းမှာ ၂၀၂၆ ကမ္ဘာ့ဖလား လုပ်ငန်းဆောင်ရွက်ခွင့် ရတဲ့ ကုမ္ပဏီတစ်ခုကနေ အင်ဖန်တီနို ဟာ ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၇၂ သန်း ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ ပါတယ်။ FIFA ရဲ့ ၂၀၂၄ ဘဏ္ဍာရေးရှင်တမ်းမှာ အင်ဖန်တီနို ရဲ့ ပုံမှန်တစ်နှစ်လစာဖြစ်တဲ့ ဒေါ်လာ ၄ ဒသမ ၈၆ သန်း ဝန်းကျင်သာ စာရင်းထုတ်ပြန်ခဲ့ပါတယ်။ အခု ထပ်ဆောင်းရရှိတဲ့ ဒေါ်လာ ၁ ဒသမ ၇၂ သန်းကို ထည့်သွင်းမထားဘူးလို့ သိရပါတယ်။ (NVS 008)