“မင်းဘူးမြို့မှာ သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရန် ကြိုတင်ဆောင်ရွက်ထား”
14 Oct
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် အပူချိန်မြင့်မားပြီး သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ဆောင်ရွက်ထားကြောင်း သိရပါတယ်။ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြစ်ရေတင်စက်ရုံ (WTP)ရှိ ဂါလန် ၂ သိန်းဆံ့ ရေစုကန်များအတွင်း ရေများ စုဆောင်းထားကာ မြို့ပေါ်ရပ်ကွက်ကြီး(၄)ရပ်ကွက်သို့ သန့်စင်ပြီးသောက်သုံးရေများကို အလှည့်ကျစနစ်နဲ့ ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် အယ်လ်နီညိုဖြစ်စဥ်ကြောင့် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး၊ အပူချိန် မြင့်မားပြီး ရေရှားပါးမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်လည်း အသင့်စီစဥ်ဆောင်ရွက်ထားကြောင်း သိရပါတယ်။ (NVS 008)
14 Oct