“နယ်မြေလုံခြုံရေးအခြေအနေကြောင့် ပိတ်ထားရသော အ.ထ.က(ခါမ်းပါတ်)ကို ပြန်လည်ဖွင့်လှစ်”

14 Oct

နယ်မြေလုံခြုံရေးအခြေအနေကြောင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ပိတ်ထားရသော စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့မှ အ.ထ.က(ခါမ်းပါတ်)ကို အောက်တိုဘာလ ၁၃ ရက်နံနက် ၉ နာရီမှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အ.ထ.က(ခါမ်းပတ်)ကို ဒေသလုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာတာကြောင့် ကျောင်းသား/သူများ စာသင်ကြားမှုနောက်မကျစေရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ကျောင်းသား/သူ ၁၇၆ ဦးကို ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမ ၁၃ ဦးတို့က ပညာရေးဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ သင်ကြားပေးလျက်ရှိပြီး အသက်အရွယ်အရ Placement Test နဲ့ ကျောင်းတက်ရန် သတ်မှတ်လျှောက်လွှာပုံစံနဲ့ လက်ခံထားသော ကျောင်းသား/သူ ၄၃၆ ဦးကိုဝင်ခွင့်ဖြေဆို၍ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ထပ်မံကျောင်းအပ်မည့် ကျောင်းသား/သူများကိုလည်း ကျောင်းအပ်လက်ခံခြင်းကို သက်ဆိုင်ရာ ဆရာ/ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကာ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေးတို့အတွက် ခါမ်းပါတ်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာန တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။ ထို့အတူ လက်ရှိတက်ရောက်နေသော ကျောင်းသား/သူများကိုလည်း ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံး ပုံနှိပ် KG တန်းမှ Grade-12အထိ အတန်းတစ်တန်းလျှင် ၃၀ စုံနှုန်းနဲ့ ၃၉၀ စုံ၊ ဗလာစာအုပ် ၄၀၀ ဒါဇင်၊ ခဲတံဒါဇင် ၄၀၀၊ ဘောပင် ၄၀၀ ချောင်း၊ကျောင်းဝတ်စုံ(မူလတန်းအဆင့်)အစုံ ၅၀၀တို့ကို ထောက်ပံ့ပေးအပ်ထားကြောင်း သိရပါတယ်။ (NVS 008)

14 Oct

ADVERTISE HERE .