“သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းတည်ဆောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးညိုစော တိုက်တွန်း”

14 Oct

သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို အိမ်ထောင်စုအဆင့်မှ နိုင်ငံတော်အဆင့်အထိ တည်ဆောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးညိုစော က အောက်တိုဘာလ ၁၃ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)မှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝမှုနှင့် အားလုံးပူးပေါင်းပါဝင်မှုက အရေးကြီး ကြောင်း၊ အိမ်ထောင်စုတစ်စုချင်းစီမှစတင်၍ နိုင်ငံတော်အဆင့်အထိ အဆင့်ဆင့်ကြိုးပမ်းတည်ဆောက်ရန် လိုအပ် ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် မန္တလေးငလျင်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ခြင်း (Build Back Better) မူဝါဒကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရန် Myanmar National Building Code 2025 ကို ရေးဆွဲချမှတ်၍ အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဆောင်းပါး၊ ပန်းချီ၊ Animation ဗီဒီယိုနှင့် လက်ကမ်းစာစောင်ဒီဇိုင်းပြိုင်ပွဲများမှာ ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

14 Oct

ADVERTISE HERE .