“ရေး-ထားဝယ် ရထားလမ်းသစ်ကို နှစ်လမ်းသွားဖောက်လုပ်ရန် ဆောင်ရွက်နေ”

14 Oct

ရေး-ထားဝယ် ရထားလမ်းသစ်ကို ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နှစ်လမ်းသွားအဖြစ် ဖောက်လုပ်နိုင်ရန် ဆောင်ရွက်နေပြီး လမ်းပိုင်းပြီးစီးပါက ခရီးသွားလာမှုနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုများ ပိုမိုတိုးတက်လာမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၁၃ ရက်နံနက်ပိုင်းက ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ထားဝယ် လေဆိပ်နှင့်လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်မှုနှင့်အတူ ခရီးသည်နှင့် လေကြောင်းခရီးစဉ်များ ပိုမိုများ ပြားလာနိုင်သဖြင့် လေဆိပ်အဆင့်မြှင့်တင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒါ့အပြင်ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရကကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအကောင်အထည်ပေါ်လာ ပါက ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် သဘာဝအလှအပရှိသည့် ကမ်းခြေများ၊ ကျွန်းစုများနှင့် ခရီးသွားနေရာများကို အကျိုးရှိစွာ အသုံးချနိုင်ရေးအပြင် ဒေသသန့်ရှင်းသာယာလှပရေးကိုလည်း ဒေသခံများ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 008)

14 Oct

ADVERTISE HERE .