“ထားဝယ်ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာတူရိယာများကို စနစ်တကျထိန်းသိမ်း၍ ပြန်လည်ဖော်ထုတ်ပြသရန် နိုင်ငံတော်သမ္မတ မှာကြား”
14 Oct
ထားဝယ်ဒေသ၏ ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာတူရိယာပစ္စည်းများ ကို စနစ်တကျထိန်းသိမ်း၍ ပြန်လည်ဖော်ထုတ်ပြသရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာလ ၁၃ ရက်နံနက်ပိုင်းတွင် ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးစဉ် ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်ပါတယ်။ ရှေးယခင်ကတည်းက တည်ရှိခဲ့တဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းဖော်ထုတ်ရာတွင် ဒေသခံများကိုယ်တိုင် မိမိတို့၏ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားရန် လိုအပ်ပြီး မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဦးဆောင်၍ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများကို အစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းခြင်းနဲ့ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များ ပိုမိုနိုးကြားလာမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ (NVS 008)