“ပါကစ္စတန်၌ ရထားလမ်းချော်မှုကြောင့် ငါးဦးထက်မနည်းသေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရ”
14 Oct
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် မူးလ်တန်ခရိုင် ရှာရှားမြို့အနီးတွင် ခရီးသည်တင် ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားရာ အနည်းဆုံး လူငါးဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ အဆိုပါ ခရီးသည်တင်ရထားသည် ကရာချိမြို့မှ ပက်ရှ်ဝါမြို့သို့ ဦးတည်မောင်းနှင်လာစဉ် အောက်တိုဘာလ ၁၃ ရက် အစောပိုင်းတွင် လမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးသမားများသည် ရထားတွဲ ၁၄ တွဲစလုံး လမ်းချော်ခဲ့သည့်နေရာမှ ရုပ်အလောင်းလေးခုကို တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီနှင့် ဝန်ကြီးချုပ်ရှက်ဘတ်ဇ်ရှာရစ်ဖ်တို့က အဆိုပါဖြစ်ရပ်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဝမ်းနည်းစကားပြောကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို အကောင်းဆုံး သော ဆေးဝါးကုသမှုများ အမြန်ဆုံးပေးအပ်ရန် သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။